CPD point ရရှိနိုင်မယ့် Nursing & Midwifery Family Planning Training Series ရဲ့ ပထမဆုံး သင်ခန်းစာ (Training Module 1) ကို မိတ်ဆက်လိုက်ပါပြီ။
Family Planning Training series မှာ_
Module 1: Family Planning Counseling and Method Selection
Module 2: Long-Acting Reversible Contraceptives (IUDs & Implants)
Module 3: Postpartum Family Planning (PPFP)
ဆိုပြီး သင်ခန်းစာတွဲ (၃) ခု ပါဝင်ကာ သင်ခန်းစာ တစ်ခုချင်းစီတိုင်းမှာ သင်ခန်းစာဗီဒီယို (၃) ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။
ဗီဒီယိုတွေမှာ သားဖွားနှင့်မီးယပ်ဆရာဝန်ကြီးများနဲ့ သူနာပြုနှင့်သားဖွားကောင်စီ (MNMC) က သူနာပြုဆရာမကြီးများက ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ကာ သင်ခန်းစာတွေကို Z-waka Platform ပေါ်က Fem Health Academy for Nurses and Midwives channel မှာ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ပထမဆုံး Module ဖြစ်တဲ့
“Family Planning Counseling and Method Selection” မှာ
Theory ပိုင်းအနေဖြင့်_
သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး Prof.Khin May Htwe က
“Principles of Client-centered Family Planning and Informed Choice” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
Nursing Management အနေဖြင့်_
သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ ပါမောက္ခ၊ ဌာနမှူးဟောင်းတစ်ဦးဖြစ်ပြီး၊ သူနာပြုသားဖွားကောင်စီ၏ CEC Member တစ်ဦးဖြစ်သော ဒေါ်ခင်သိမ်းက
– Counseling Skills for Contraception
– Addressing Side Effects, Misconceptions, and Method Switching
ခေါင်းစဉ်များဖြင့်လည်းကောင်း Talk video (3) ပုဒ် ကို အသီးသီးပြောကြားပေးသွားမှာဖြစ်ပါတယ်။
Training Module (1) အတွက် CPD point ရယူနိုင်ဖို့ သတ်မှတ်ချက်အနေဖြင့် “Training series မှာ ပါဝင်တဲ့ ဗီဒီယိုတစ်ပုဒ်ချင်းစီအတွက် (1) point ရရှိမှာဖြစ်ပြီး၊ Video ရဲ့ (၇၀)ရာခိုင်နှုန်းနဲ့အထက် ကြည့်ရှုပြီးစီးဖို့လိုပါတယ်။
Training Video တွေကို တင်ပေးထားပြီးဖြစ်လို့ အောက်မှာ ပေးထားတဲ့ Link တွေက တဆင့် Video တွေ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ Video ကြည့်ပြီးတဲ့ သူများ အနေဖြင့် Assessment အနေဖြင့် Post-test ဝင်ရောက်ဖြေဆိုပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
Video DKT